ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ လူကုန်ကူးမှုလျော့နည်းစေရန်ရည်ရွယ်၍ လူငယ်များအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က တာမိုးညဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့၌ လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်း အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာယနေ့ မွန်းလွဲ ၁ နာရီက လူငယ်နှင့် ရည်မှန်ချက် ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် ပြုလုပ်သည်။

မိုင်းယုမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အများပြည်သူများ သွားလာရာနေရာသို့၌ သွားရောက် ဖြန့်ဝေပေးခဲ့သည်။

ကျိုင်းလပ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပရာ ပြည်သူများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် ပြင်ပစာပေများကို လေ့လာနိုင်ရန်အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များအခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက သာစည်ကျေးရွာသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မ‌တော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင်(၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူစည်ကားရာစျေး၊ ဆိုင်ခန်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စောင်ရေ(၄၅၀)စောင် အခမဲ့ဖြန့်ဝေခဲ့သည်။

နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ ညနေ ၃ နာရီက ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်တရားမြို့၌ စာပေဖတ်ရှုမှုမြင့်မားလာစေရေးအတွက် mobile စနစ်ဖြင့် စာအုပ်ငှားရမ်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေဖတ်ရှုမှု မြင့်မားလာစေရေး အတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် စာအုပ်စာစောင် ငှားရမ်းသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/ Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ BookClub/ YouthClub အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာမတင်ဝင်း၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်းစာအုပ်အား ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပတ်စဉ် ပုံမှန် စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ အခြေခံအင်္ဂလိပ်စာ သင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူ၊ ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ