မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်းရုံး ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။