ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ပင်လုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile  Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို

ဂွမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး လုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် ပြင်ပစာပေများကို လေ့လာနိုင်ရန်အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ရွှေတွင်းကုန်းကျေးရွာသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးရှေ့တွင် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲပြသ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား နွေဦးပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့ပါသည်။

မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “ကျား/မ အခြေပြု အကြမ်းဖက်မှုအသိပညာပေး” ဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “ကျား/မ အခြေပြု အကြမ်းဖက်မှု အသိပညာပေး” ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ခိုလမ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  Mobile  Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ယနေ့ မွန်းလွဲပိုင်း(၂:၃၀)နာရီ အချိန်က ခိုလမ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနရုံး သို့သွားရောက်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့ ပြည်သူ့စာကြည့်တိုက်တွင် မြန်မာစကားပုံများနှင့် စက္ကူအရုပ်ခေါက်နည်းများ သင်ကြားပြသ ဆောင်ရွက်

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ မြန်မာစကားပုံများကို သိရှိနားလည်စေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာ အသုံးပြုတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်(၉)နာရီက မြန်မာစကားပုံများနှင့် စက္ကူအရုပ်ခေါက်နည်းများ  သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း ၁၁ နာရီက လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များ နွေရာသီအားလပ်ရက်တွင် ပျော်ရွှင်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ