ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ကွမ်းလုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဒို့ကျေးရွာဂျာနယ်အတွဲ (၂၀) အမှတ် (၈) ပါ စာရေးဆရာချစ်နိုင် ရေးသားထားသည့် မအအောင်လို့ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့ကြသည်။

မိုင်းတုံမြို့ရှိ မွေတော်ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်း‌တော်ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်မိုင်းတုံမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်မိုးနှင့် တာ၀န်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြို့မမွေတော်ဘုန်းကြီးကျောင်းရှိ သံဃာတော်များအတွက်

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီးများဘဝ မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများဘဝမြှင့်တင်ရေး၊ အမျိုးသမီးများကျန်းမာရေး၊ လူမှုဘဝလုံခြုံရေးတို့အတွက် စာအုပ်စာစောင်ပြပွဲကို ယနေ့၊ နံနက် ၈ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြသခဲ့သည်။

သထုံမြို့နယ်၌ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာမြေကြီးကို ထိန်းသိမ်း စောင့်ရှောက်ကြပါစို့”ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ် ကံလှဈေး၌ စာအုပ်စာစောင်များငှားရမ်းပေး

မန္တလေးခရိုင်၊ မဟာအောင်မြေ‌မြို့နယ် ကံလှဈေး၌ ယနေ့နံနက်ပိုင်းက ဝန်ထမ်းများစုပေါင်း၍ Mobile Library စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးခဲ့သည်။

တာလေမြို့၊ ပြည်သူ့စာကြည့်တိုက်ရှိ ပြတိုက်ငယ် (Mini Museum) သို့ လူငယ်၊ လူရွယ်များ လာရောက်လေ့လာကြည့်ရှု့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ပြတိုက်ငယ်ယဉ်ကျေးမှု ဖြစ်လာစေရန်နှင့် ပြည်သူများ ဗဟုသုတရရှိ စေရန်ရည်ရွယ်၍ ပြတိုက်ငယ် (Mini Museum) ကို ခင်းကျင်းပြသလျက်ရှိရာ အဆိုပါ ပြတိုက်ငယ် (Mini Museum) သို့ လူငယ်၊ လူရွယ်များလာရောက် လေ့လာကြည့်ရှု လျက်ရှိကြောင်း သိရသည်။

တာလေမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နေ့လယ် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက်သို့ အသိပညာဗဟုသုတရှာ‌ဖွေရန် စာအုပ်စာစောင် လာရောက် ငှားရမ်းဖတ်ရှုသူ များပြား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူ လူငယ်လူရွယ်‌လေးများမှ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်/စာစောင်များ လာ‌ရောက်ငှားရမ်းဖတ်ရှုကြရာ နေ့စဉ်စာကြည့်တိုက်တွင် ဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။

ကျိန္တလီမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ