ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မုံးကိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နေ့လယ်(၁)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်အရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောင်းသားလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တို့ကမ္ဘာမြေလှပဖို့ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းစို့ ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show နှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာကြီးသည် ရေ၊ မြေ၊ လေထုနေရာ အနှံ့အပြားတွင် သက်ရှိအားလုံးအတွက် နှစ်အကန့်သတ်မဲ့ နေထိုင်ခွင့်၊ အကန့်သတ်မဲ့ ဦးရေတိုးပွားခွင့်များနှင့်အတူ ကောင်းမွန်သော ရာသီဥတု လက်ဆောင်ပေးထားခဲ့သည်။ ကမ္ဘာကြီးပေါ်တွင် စိမ်းစိုလန်းဆန်းခြင်း၊ အပူအအေးညီမျှခြင်း၊ ရေကောင်းရေသန့်နှင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးထားခဲ့သော်လည်း လူသားများ၏ မဆင်မခြင်ပြုမူ နေထိုင်မှုများကြောင့် ကမ္ဘာကြီးသည် ပူနွေးလာခြင်း ဂေဟစနစ်များ ပြောင်းလဲလာပြီးသဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအကြောင်း အသိပညာပေး Talk Show အား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့ (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုကလိမြို့ တာနောထကျေးရွာတွင် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်

ကရင်ပြည်နယ်၊မြဝတီခရိုင်၊ စုကလိမြို့ တာနောထကျေးရွာတွင် ယခုအခါ ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ကမမောင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးTalk show ဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီက ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

သီပေါမြို့နယ်တွင် လူငယ်နှင့်ရည်မှန်းချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက လူငယ်နှင့်ရည်မှန်းချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သုတ/ရသ စာအုပ်စာစောင်များကို ယနေ့ နံနက် ၁၁နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုသည့် အလေ့အထများ ရှင်သန်ပေါက်ဖွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ