နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံဂစ်တာတီး သင်တန်းဖွင့်လှစ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စိတ်လေလွင့်မှု လျော့နည်းစေရန်၊ ဂီတကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် ဂစ်တာတီးဝါသနာပါပြီး တစိုက်မတ်မတ် လေ့လာလိုသူများ လေ့လာနိုင်စေရန် ရည်ရွယ်၍ အခြေခံ ဂစ်တာတီးသင်တန်းအား ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။