ပူတာအိုမြို့ အ.ထ.က (ပူတာအို) ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ဓာတ်ပုံပြပွဲများကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်ကာ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ဓာတ်ပုံပြပွဲများကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ပူတာအို) ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။