ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

တောင်ကုတ်မြို့၌ Youth Club လူငယ်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ အောင်သင်း၏ နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ​ကြိမ်ချောင်းကျေးရွာ၊ အလင်းပြစာကြည့်တိုက်သို့ သွားရောက်ကွင်ဆင်း ဆောင်ရွက်ခဲ့ပါသည်။

ကာလိမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ၊ သုတ/ရသ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ

၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ၊ သုတ/ရသ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပုလောမြို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို) ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲ  ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ လူထုအခြေပြုဗဟိုခန်းမ၌ ပြုလုပ်သည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြပွဲများပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆ )ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းတည့် (၁၂) နာရီခွဲက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ