ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းငေါ့မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအထိမ်းအမှတ် စာအုပ်/စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်၂၀၂၃ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ လှုပ်ရှား ဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသပေးလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပန်လော့ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လည် ၁၂ နာရီက ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“နိုင်ငံ့စီးပွားမြှင့်တင်ဖို့ အသေးစား၊ အလတ်စား စီးပွားရေး ဆောင်ရွက်စို့” အသိပညာပေး နံရံကပ်စာစောင်ပြသ

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ စုကလိမြို့နေ ပြည်သူများ တွင်ကျယ်စွာ သိရှိဆောင်ရွက်နိုင်ပြီး (MSME) လုပ်ငန်းများအား တစ်ပိုင်တစ်နိုင်မှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ အသေးစား၊ အလတ်စား စီးပွားရေးဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြသခဲ့သည်။

စုကလိမြို့တွင် (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် ၇၆နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက စုကလိမြို့ အခြေခံပညာ အထက်တန်းကျောင်း(အ.ထ.က စုကလိ)တွင် ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက (အ.မ.က) ကျွဲခြံမွန်ကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသ ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်( ၁၀) နာရီ အချိန်က မင်းကုန်း(မူလွန်)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်၊ စာစောင်ပြပွဲကို မူလွန်(၁) ကံ့ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ