မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။