ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

တာလေမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်း၏ “အားနေသောလက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်Community Centre ခန်းမ၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ယနေ့‌နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တာမိုးညဲမြို့၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ပြုလုပ်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ "အာဇာနည်နေ့အကြောင်း သိကောင်းစရာ" အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ်  အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ဆေးလိပ် ဆေးရွက်ကြီးနှင့် ဆိုးကျိုးအန္တရာယ်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၉:၃၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၀)ပါ စာတည်းမှူးရေးသားသည့် “ဆေးလိပ်ဆေးရွက်ကြီးနှင့် ဆိုးကျိုးအန္တရာယ်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်း ကျေးရွာသို့ သွားရောက်ငှားရမ်း ပေးကြသည်။

ပင်လုံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အသိပညာ၊ အတတ်ပညာကို သင်ယူခြင်း၊ ခံယူခြင်း ခေါင်းစဉ်အောက်မှ သိရုံမျှအတတ်ပညာကို သင်ယူခြင်းခံယူခြင်း (Learning to know)၊ တတ်မြောက်စေ​ရန် အတတ်ပညာကိုသင်ယူခံယူခြင်း (Learning to do)၊ အတူတကွရှင်သန်နေထိုင်ရေးအတွက် သင်ယူခံယူခြင်း (Learning to live together) နှင့် မိမိဘဝကိုအပြည့်အဝ ဖန်တီးနိုင်အောင်သင်ယူခံယူခြင်း ( Learning to be) အချက်(၄)ချက်ကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။

လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ