ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဟိုပန်မြို့၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၂)နာရီက ဟိုပန်လူထုအခြေပြုဗဟိုဌာနဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများသို့ သွားရောက် ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သွားရောက် ငှားရမ်းပေးခဲ့သည်။ 

မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲက မိုင်းစံမြို့ အ.ထ.က ကျောင်းသို့ ငှားရမ်းပေးလျက်ရှိသည်။

ဘားအံမြို့၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ လာရောက် ကြည့်ရှုအားပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre–Lashio) သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်သည် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့်လေးကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းငေါ့မြို့ က‌လေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအာ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်‌စေရေး ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ် လူရွယ်များ အသိပညာ တိုးပွားစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြတ်စေရန်၊ တီထွင်ဖန်တီးတက်စေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ယမန်နေ့ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်လျက်ရှိရာ စာကြည့်တိုက်သို့ စာအုပ်စာ‌စောင်များ လာရောက်ဖတ်ရှုငှားရမ်းကြ‌သော ကျောင်းသား/သူလေးများအား အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ 

မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ - ၁ ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၃)နာရီက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)လ-၁ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးထားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ (မူလွန်)နောင်ခလုံးကျောင်း၌ အသိပညာပေးဟောပြောပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့မှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က (မူလွန်-နောင်ခလုံး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ