ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မချမ်းဘော၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာအသိပညာများ သိရှိကာကွယ်နိုင်ရန် ရည်ရွယ်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ပြသခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာရေးဆရာမခင်စောတင့် ရေးသားသော "စွန့်စားမှုဆီသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌  စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေ ပေးသူတစ်ရာ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မောင်ခင်မင်(ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၃/၂၀၂၃) ဖွင့်လှစ်

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၃/၂၀၂၃)ကို ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၁၄) တွင် ပါရှိသော “ ပြန်ကြော်ဆီများစားသုံးခြင်းနှင့် ကျန်းမာရေး” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် ယနေ့နံနက် ၁၁ နာရီက Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ခြင်းအလေ့အထ ကောင်းများရရှိစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ဆိုင်ရာအသိပ ညာပေးပြပွဲ၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုအမှတ် (၉) နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ချောင်းဆုံ (အ-ထ-က) ကျောင်းသီရိရတနာ ခန်းမတွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပင်လုံမြို့ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသား/ ကျောင်းသူလူငယ်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ