ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန် အားကစားစွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကိုကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ကျား/မအခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းပို့ချ

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား/မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းပို့ချခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လေယဉ်ကွင်းရပ်ကွက် မြို့ဦးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျရောက်သော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကိုကြိုဆိုသောအားဖြင့် ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်း  မြို့တွင်းလမ်းဆုံ လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့ ဆက်လက် စစ်ဆေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာ ဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ် လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဒုတိယနေ့အဖြစ် စစ်ဆေးခြင်းများဆက်လက်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက် ပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ကျင်းပပြုလုပ်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေ သည့် (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် အသိပညာပေး အခမ်းအနားတွင် ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

ဂွမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေး အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်  

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ် အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို   ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြို့နယ်ပညာ ရေးမှူး ဦးအောင်မြင့်သိန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီကုံးပြိုင်ပွဲ စစ်တွေမြို့၌ကျင်းပ

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်စာစီကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပသည်။
Subscribe to ရခိုင်ပြည်နယ်