ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ်(၅/၂၀၂၃) ဖွင့်လှစ်

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင်၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၅/၂၀၂၃) ကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁ နာရီအချိန် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၁ နာရီအချိန်  မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ရခိုင်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ရခိုင်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရသေ့တောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade- 4)မှ (Grade-12) ဒီဇင်ဘာလစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆို

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade-4) မှ (Grade-12)ထိ ကျောင်းသား၊ကျောင်းသူများသည် ယနေ့နံနက် ၉ နာရီက စတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူမြို့တွင် ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ရေငန်ပုစွန်သားပေါက်မျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ ရခိုင်ပြည်နယ်ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။

တောင်ကုတ်မြို့နယ်၌ (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သံတွဲမြို့၌(၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌(၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
Subscribe to ရခိုင်ပြည်နယ်