ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ ဆင်းရဲနွမ်းပါးသူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အသား၊ ငါးများ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီတောင်မြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ၊ ဆင်းရဲနွမ်းပါး အိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အမှတ်(၅)၊ အမှတ်(၆)၊ အမှတ်(၇)ရပ်ကွက်များရှိ ပြည်သူများအား အသား၊ငါးများ ထောက်ပံ့ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့မအားကစားခန်းမ၌ ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။

ပေါက်တောမြို့နယ် အခြေခံပညာကျောင်းများ၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က(မြို့မ)ကျောင်းနှင့် အ.လ.က-ဒါးကိုင်ကျောင်းများ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စစ်တွေမြို့တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ၊ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်း လျှောက်ပွဲကို ယနေ့နံနက်၆ နာရီက စစ်တွေမြို့ ရှုခင်းသာလမ်းဆုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ လှုမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ မြို့မဈေး၌ ဓာတ်မြေဩဇာ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေး၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ စိုက်ပျိုးရေးသီးနှံများ အထွက် တိုးနှုန်းကို နှေးကွေးစေသည့် မြင်းပျံ အမှတ်တံဆိပ် ဓာတ်မြေဩဇာကို အခြား ဓာတ်မြေဩဇာများနှင့် ရောနှောကာ ရောင်းချနေမှု ရှိ/မရှိကို ယမန်နေ့က ဓာတ်မြဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မောင်တောမြို့နယ်၌ ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုသောအားဖြင့် ဒီဇင်ဘာအားကစားလ စုပေါင်းလူထု လမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဆင်နွှဲ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည်နယ် အထိမ်းအမှတ်အကြို ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီဌာနက ဦးဆောင်ကာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် စုပေါင်းလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီက မြို့မနာရီစင်ခွဆုံ စုရပ်မှ စတင်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ အင်အား (၇၀၀)ခန့် စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သံတွဲမြို့၌ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅:၃၀နာရီက သံတွဲမြို့ ဒွါရာဝတီမြို့မ ဈေးရှေ့မှစတင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ကျောင်းသားသူများနှင့် ‌ဒေသခံပြည်သူများစုစုပေါင်း ၂၀၀ ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက် မြိုက်စွာပါဝင်ဆင်နွဲ့ခဲ့ကြသည်။

မြေပုံမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာစံလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေပုံမြို့၊ သဲတန်းရပ်ကွက်ရှိ ဆရာစံလမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  ၎င်းလမ်းမကြီး၌ ကျင်းပပြုလုပ်သည်။

မြောက်ဦးမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ လှုမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ယနေ့နံနက် ၁၀ နာရီအ ချိန်က ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်