ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းအမှိုက်ကောက်ပွဲ စစ်တွေမြို့၌ကျင်းပ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်းပါဝင်ပြီး စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပွိုင့်ကမ်းခြေ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေတပ်နယ်မှ တပ်မတော်သားများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများတက်ရောက်ကြသည်။