တောင်ကုတ်မြို့နယ်၌ ဆီထွက်သီးနှံနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆီထွက်သီးနှံ (နေကြာ) ဆင်းရွှေကြာ-၂ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ရန်မျိုးကျေးရွာရှိ တောင်သူဦးစိုးသူပါ (၄) ဦး၏ ကွင်းအမှတ် (၉၀)၊ ဦးပိုင်အမှတ် (က/၅၁-၁) ရှိ စံကွက်စိုက်ခင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။