ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တစ်အုပ်တစ်မ အုန်းပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် တစ်အုပ်တစ်မ အုန်းပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေ - ပလ္လင်ပြင် ကားလမ်းမကြီးနံဘေး၊ စစ်တွေတက္ကသိုလ်အနီးတွင်ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများတက်ရောက်ကြသည်။