ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းအား ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စည်ပင်သာယာရေးအဖွဲ့၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။