ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့၌ ATOM (ဆက်သွယ်ရေးကုမ္ပဏီ) နှင့် We Love Rakhine ပရဟိတလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ATOM (ဆက်သွယ်ရေးကုမ္ပဏီ) နှင့် We Love Rakhine ပရဟိတလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ရှိ တော်ဝင်လခြမ်းမြေကုမ္ပဏီခြံဝင်း၌ ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ မူးယစ်ဆေးဝါး တိုက်ဖျက် နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် " မိုခါ " ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်  ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြန်လည်တူးဖော်နေမှုနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်ပြန်လည် ပြုပြင်နေမှုနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်ရေငန်ပုစွန်သားဖောက်စခန်း ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပြန်လည် ပြုပြင်နေမှုအား ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉:၃၀ နာရီမှစတင်၍ အမက(စံပြ) ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

သံတွဲခရိုင် ငပလီမြို့၌ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ရုံးတွင် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို သိရှိ​စေရန်အတွက် အလုပ်ခေါ် ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် (၁၁း၀၀)နာရီ အချိန်က ငပလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီမြို့ရုံး၌ ပြသခဲ့သည်။

အမ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အ.ထ.က(ပေါက်တော)တွင် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးခြင်း အခမဲ့ဆောင်ရွက်

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများရှိဒေသခံများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများပေးနိုင်ရန်အတွက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ ၊ဆေးမှူးများ၊ သူနာပြုများသည်  ယမန်နေ့က ပေါက်တောမြို့နယ် ငဝက်စွယ်ကျေးရွာနှင့် ဟင်းခရော်ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူ များအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အ.ထ.က(ဂွ)၊ အ.ထ.က(ဆပ်သွား)နှင့် အထက(ကျိန္တလီ) စသည့် စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။

လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် မအီမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးများကို သိရှိနားလည်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များကို လူမျိုးဘာသာမရွေး အခမဲ့ ငှားရမ်းပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်