ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက  ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက်  ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွန်းတောင်ကျေးရွာနှင့် ရေဖြူကန်ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှိ  အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန် ရှိ သူများသည် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ  အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက  ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ရမ်းဗြဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က အ-ထ-က ပုလုပ်တောင်ကျောင်း ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ဘဲဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့်အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲဆောင်ရွက်သည့် အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေးသည်။

သံတွဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းက အမှတ် (၈) ရပ်ကွက်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေတွင်းရေကန်များစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန် -တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် မောင်တောမြို့နယ်တွင် မိုးစပါးဆင်းသွယ်လတ် စပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သောခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး မိုးစပါးဆင်းသွယ်လတ် စပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။

သံတွဲမြို့ ဒွါရာဝတီမြို့မဈေးကြီးအတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

မိုးဦးကျ မိုးရာသီအချိန်တွင် ခြင်များပေါက်ဖွားကာ ခြင်ပေါများသည့် ကာလဖြစ်သလို သွေးလွန်တုပ်ကွေး ငှက်ဖျားဖြစ်တတ်သည့် ရာသီဥတုဖြစ်သောကြောင့် သံတွဲမြို့ရှိ ဒွါရာဝတီ မြို့မဈေးကြီး အတွင်း ဈေးရောင်း/ဈေးဝယ် ပြည်သူများ ခြင်အန္တရာယ်ကင်းဝေးစေရန် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဈေးကြီးအတွင်း နေရာအနှံ ဆေးဖြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌(၇၆)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌(၇၆)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကို  ယမန်နေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိကျောင်းတိုက်၊ သုခါဝသ ကျောင်းတော်ကြီး မြေညီထပ်၌ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်