ငပလီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ အ.မ.က မူလွန်ဇီးဖြူကုန်းကျောင်းခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရှောင်ရှားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃း၀၀) နာရီက အ.မ.က မူလွန်ဇီးဖြူကုန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။