ရခိုင်ပြည်နယ်

ငပလီ​မြို့၌ လူငယ်​ရေး​ရာအသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ အ.မ.က မူလွန်ဇီးဖြူကုန်း​ကျောင်းခန်းမ၌ က​​လေးအလုပ်သမားပပျောက်​​ရေးအသိပညာ​​ပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရှောင်ရှားနိုင်​ရေး အသိပညာပေးဟောပြောပွဲကို ယ​မန်နေ့ မွန်းလွဲ(၃း၀၀) နာရီက အ.မ.က မူလွန်ဇီးဖြူကုန်း​ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို ယနေ့ နံနက်ပိုင်းက ကျိန္တလီမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်း ဗိုလ်ချုပ်လမ်း၊ ရောင်နီဦးလမ်းနှင့် နှင်းဆီလမ်းရှိ နေအိမ်များသို့သွားရောက်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မင်းပြားမြို့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မင်းပြား)နှင့် မင်းပြား မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများပူးပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စပါးထားကျေးရွာသို့ကွင်းဆင်း၍  ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ် သုံးစွဲနည်း သရုပ်ပြပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာများရှိ တောင်သူများ အသုံးပြုနိုင်ရေးအတွက် အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် မြို့ဦး ရပ်ကွက်၊ ဇူလကျေးရွာတွင် ကျင်းပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဘူးသီး တောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့် လှစ်ခဲ့သည့် လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲသို့တက်ရောက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ရပ်ကျေးစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို တက်ရောက်ခဲ့သည်။

လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခြေခံပညာအထက်တန်းကျောင်း(ပေါက်တော)၌ ကျင်းပ

လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းတွင် အထက (ပေါက်တော)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းရှိ အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်