တောင်ကုတ်မြို့ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ရှိ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၏စားသောက်ရေးအဆင်ပြေစေရန်နှင့်မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တောင်ကုတ်တပ်နယ်မှ တပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့နံနက်(၇)နာရီခွဲအချိန် မြို့နယ်ခန်းမရှေ့၌ရောင်းချပေးခဲ့ကြောင်းသိရသည်။