ရခိုင်ပြည်နယ်

ကျိန္တလီမြို့ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၊ အထက(ခွဲ)အလက(၂)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အထက(ခွဲ) အ-လ-က(၂) ကျောင်းရှိ ပညာဝတီခန်းမတွင် ပြုလုပ်သည်။

ကျောက်တော်မြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေးကို  ယနေ့နံနက် ၉ နာရီက ကျောက်တော်မြို့ ကုလားတန်မြစ် ကူးတို့ဆိပ်၌ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

မြောက်ဦးမြို့နယ်အတွင်း ရေလမ်းခရီးသွားပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေရန်  အသက်ကယ်အင်္ကျီ (Life Jacket) စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ရေလမ်းခရီးသွားပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေရန်  အသက်ကယ်အင်္ကျီ (Life Jacket) စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးကို ယနေ့နံနက် (၁၀) နာရီက မြောက်ဦးမြို့ မော်တော်ဆိပ်တွင် ပြုလုပ်ခဲ့သည်။

သံတွဲမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေး အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

သံတွဲခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား ထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းအရပြုလုပ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် သံတွဲမြို့၊ ရွှေလှေခေတ်မီစံပြကျေးရွာ၌ ကျင်းပသည်။

ရသေ့တောင်မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ၂၀၂၃ ခုနှစ်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနားကို  ယနေ့နံနက်(၁၁) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနား ရမ်းဗြဲပြည်သူ့ဆေးရုံ၌ ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အခမ်းအနားကို ယနေ့ နေ့လယ်(၂) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွာကြီးမြောက်ရပ်ကွက်သို့ ကွင်းဆင်းကာ ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်တွေ့ဆုံကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ဆင်းသုခ စပါးပျိုးသက်နု စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ၄ မိုင်ရပ်ကွက်အတွင်းရှိ စိုက်ဧကများအတွင်း ဆင်းသုခစပါးပျိုးသက်နု စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ခမောင်းတောကျေးရွာ၌ မျိုးဆက်သစ်လူငယ်များအား ငါးသယံဇာတထိန်းသိမ်းခြင်းပညာပေးဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ ခမောင်းတောကျေးရွာတွင် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းခြင်းအတွက် မျိုးဆက်လူငယ်များအား အသိပညာပေးဟောပြောပွဲကို ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သြဂုတ်လ ၉  ရက်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်