ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့မနာရီစင်ခွဆုံတွင် တာဝန်ရှိသူများ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (Book Club) အဖွဲ့ဝင်တို့နှင့် ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း G–12 သင်ရိုးသစ်နည်းပြ သင်တန်းတက်ရောက်နေသည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၊ အုန်းတောကြီးတောင် IDP စခန်းတွင်နေထိုင်သူများအတွက် တည်ဆောက်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ Grade– 12 သင်ရိုးသစ်နည်းပြ သင်တန်းတက်ရောက်နေကြသည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး စစ်တွေမြို့နယ်၊ အုန်းတောကြီးတောင် IDP စခန်းတွင်နေထိုင်ကြသူများအတွက် တည်ဆောက်ရေးပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။

ရခိုင်ပြည်နယ်မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီးပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်တည်ဆောက်နေမှု အခြေအနေများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းက ၄ မိုင်ရပ်ကွက်ရှိ သန္တိသုခဘုန်းတော်ကြီးကျောင်းအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်မောင်တောမြို့တွင် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ပျက်စီးခဲ့သော ရေထုတ်ပြွန်တံတားအား ယာယီစတီးအခင်းခင်းပြီး ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ဝေသာလီ-ဉဒေါင်းသွားကားလမ်းပိုင်းရှိ ပျက်စီးခဲ့သောရေထုတ်ပြွန်တံတားအား ယာယီစတီးအခင်းခင်းပြီး ယာဉ်သွားလာမှု ပြတ်တောက်မှုမရှိစေရေးဆောင်ရွက်ထားရှိကြောင်း သိရသည်။

အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေး သင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးတတ်သည့်အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲဆိုရဲသည့်သတ္တိ ရှိလာစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြခြင်းကို ယနေ့ နံနက်(၁၀) နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် IDP စခန်းရှိ အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ ပေါက်တောမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်းရှိ အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ပေါက်တောမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး မြို့နယ်အဆင့်အထိမ်းအမှတ် ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၁၃ ရက် ညနေက မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်