ရခိုင်ပြည်နယ်

အမ်းမြို့နယ် စခမ်းမော်ကျေးရွာ၌ စာကြည့်တိုက်ရှင်သန်ရေး အသိပညာပေးဟောပြောပွဲ နှင့်စာအုပ်စာစောင်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့်ဝန်ထမ်းများကကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က စခမ်းမော်အုပ်စု စခမ်းမော်ကျေးရွာ ပညာအလင်းစာကြည့်တိုက်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီများ၊ စာပေမြတ်နိုးသူများနှင့်တွေ့ဆုံကာ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းများအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အမ်းမြို့၌ စစ်ကြောင်း(၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စခမ်းမော်ကျေးရွာဓမ္မာရုံ၌ ယနေ့‌နံနက် (၁၀)နာရီအချိန်က ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

မာန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်၊အဘိတ်ဆေးခပ်ခြင်းကို အပတ်စဥ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက မြို့မရပ်ကွက်နှင့်မြို့သစ်ရပ်ကွက် အတွင်းရှိ လူနေအိမ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းက အစိုးရရပ်ကွက်၊ မြေစာရင်း လမ်းဆုံနေရာ၌ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (လက်ဝဲဒက်ပုဇွန်ချောင်း)တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီက ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ(၂)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုးရေးအသိပညာပေးမှုနှင့်စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် စစ်တွေခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာနမှ မြေ/မျိုး/ပိုးမွှားတာဝန်ခံများနှင့် မြို့နယ်စိုက်/ကြပ်ကော်မတီဝင်များပူးပေါင်း၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ 

တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) အခမ်းအနားတက်ရောက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း စစ်တွေတက္ကသိုလ်၌ ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြော

စစ်တွေတက္ကသိုလ် ဥပဒေပညာဌာန၌ ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ယနေ့နေ့လယ်ပိုင်းက စစ်တွေတက္ကသိုလ်တွင် ကျင်းပသည်။ ဦးစွာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်နှင့် ဥပဒေပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဥမ္မာစန်းတို့က ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်