ရခိုင်ပြည်နယ်

ပေါက်တောမြို့၌ မွေးစမှ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့ပေါ် (၅)ရပ်ကွက်အတွင်းရှိ မွေးစမှအသက်တစ်နှစ်အောက် မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိ​သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်လှစ်ကာ ယှဉ်ပြိုင်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကြက်ခြေနီလူမှုကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေဟိုတယ်ခန်းမ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်းပြုလုပ်သည့် ကြက်ခြေနီလူမှု ကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန် သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

တောင်ကုတ်မြို့၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။

တောင်ကုတ်မြို့၌ ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၃ ရက်နေ့ညနေပိုင်းက မြို့မအားကစားကွင်း အတွင်း၌ကျင်းပသည်။

အမ်းမြို့၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း(၁၇၄ ပေ - ၃၂ ပေ) ၃ထပ် RCC ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ၄၇ မိနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်သည်။

  ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာ ကျန်းမာရေးဝန်ထမ်းများက ကထိုးနှံပေးလျက်ရှိကြသည်။  

ရသေ့တောင်မြို့၌ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်)ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့၌ မိုးစပါးထွန်တုံးပိတ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ် ဂါယ်လောင်းကျေးရွာ အုပ်စု ဂါယ်လောင်းကျေးရွာ ကွင်းအမှတ်(၂၆၂)ရှိ တောင်သူဦးမောင်ချို၏ လယ်မြေ(၃)ဧကတွင် မြို့နယ်လုံးမိုးစပါးထွန်တုံး ပိတ်ပွဲအား ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်