ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အဆောင်များဆောက်လုပ်နေရာချထားပေးမှုနှင့် အဆောင်များ ဆက်လက်ဆောက်လုပ်နေမှုတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စုရပ်များတွင်နေထိုင်ကြသည့် ပြည်သူများ အတွက် အဆောင်များဆောက်လုပ်နေရာချထားပေးမှုနှင့် အဆောင်များ ဆက်လက်ဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။