မအီမြို့ ဂျီဖြူတောင်ကျေးရွာ အ. ထ. က(ခွဲ)၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာအုပ်စု၊ အ. ထ. က(ခွဲ) ဂျီဖြူတောင် ဆေးထိုးစုရပ်၌ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် အဆိုပါ ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။