ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့၌ ရခိုင်ဒေသထွက်ကုန်များကို အွန်လိုင်းမှတဆင့် ရောင်းချနေသည့် “သန္တာမြေ” ရခိုင်ထွက်ကုန်လုပ်ငန်း ရောင်းအားကောင်း၍ အဆင်ပြေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရခိုင်ဒေသထွက်ကုန်များကို အွန်လိုင်းမှတဆင့် ရောင်းချနေသည့် “သန္တာမြေ” ရခိုင်ထွက်ကုန်လုပ်ငန်းမှာ ရောင်းအားကောင်း၍ အဆင်ပြေကြောင်း အဆိုပါထွက်ကုန်လုပ်ငန်းကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင် လူငယ် ကိုငြိမ်းချမ်းကျော်ထံမှ သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

ရခိုင်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းက စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အကဲဖြတ်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပေါက်တောမြို့နယ်၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ အောင်မြင်စွာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းကြီး( ၅)ကြောင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြသည်။

မြောက်ဦးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပ ညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့တွင်မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ​မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေဘောလုံးယှဉ်ပြိုင်ကစားခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကစားကြသည်။

မအီမြို့၌ သံဃာတော်(၇၆)ပါးတို့အား ဥပုသ်နေ့ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်(၇၆)တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့ တော်သလင်းလပြည့်နေ့ နံနက်အရုဏ်တက်ချိန်က မအီမြို့အမှတ်(၃)ရပ်ကွက်၊ တောင်ကုတ်-မအီလမ်းမ၊ အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ၌ ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင်  မြို့မရပ်ကွက်နေ စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား  စားသုံးဆီများကို လက်လီရောင်းချပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေ ၄ နာရီအချိန် မြို့မအရှေ့ရပ်ကွက်အတွင်းစားသုံးဆီများ ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

မြောက်ဦးမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်