ရခိုင်ပြည်နယ်

အမ်းမြို့နယ်၌ စားသုံးသူများ ဘေးကင်းလုံခြုံစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး စားသောက်ဆိုင်များ ရှောင်တခင်စစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ စားသုံးသူများ သန့်ရှင်းသော အစားအစာများ ဘေးကင်းလုံခြုံစွာ စားသုံးသူပြည်သူများ စားသုံးနိုင်စေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး အတွက် စားသောက်ဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၅) စျေးတောင်ရပ်ကွက်၌ မြို့နယ်စားသုံးသူများသန့်ရှင်းသောအစားအစာများ ဘေးကင်းလုံခြုံစွာစားသောက်နိုင်ရေးနှင့် စားသုံးသူများသန့်ရှင်းသော အစားအစာများ ဘေးကင်းလုံခြုံစွာ စားသောက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာ ရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်း အနားကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ၌ ၂၀၂၃- နှစ်အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

မာန်အောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ‌ချေးငွေရယူထားသော လုပ်ငန်းရှင်များ၏ ပထမ (၆)လပတ်လုပ်ငန်းအကျိုးရလဒ် ရရှိမှုအခြေအနေအား ရှင်းလင်းပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ‌ ချေးငွေရယူထားသော လုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှုအခြေအနေများအား တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

မအီမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းန်းခြင်းကို မအီနယ်မြေ ရဲစခန်းမိသားစု ယမန်နေ့နံနက် အရုဏ်တက်ချိန်က မအီနယ်မြေရဲစခန်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်

အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သော (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အငြိမ်းစားရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သံတွဲမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အမ်းခရိုင်၌(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲဝင်များကြိုဆိုဂုဏ်ပြု

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့်(၂၄ )ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပခဲ့ပြီး ပြည်နယ်အဆင့်(၁၀)ဦး ဝင်ရောက်ယှဥ် ပြိုင်ခဲ့ပြီး (၅)ဦးဆုရရှိကာပြိုင်ပွဲဝင်များနှင့် အုပ်ထိန်းသူများ ပြန်လည်ရောက်ရှိလာမှုအားကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့ ည နေ ၅ နာရီ အချိန် အမ်းမြို့ရှိ WE LOVE ANN ရှုခင်းသာဗျူးပွိုင့်နေရာ၌ကျင်း ပပြုလုပ်ခဲ့သည်။ 

မာန်အောင်မြို့ ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ် မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာတွင်၂၀၂၃-ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါ ရိပ်သာ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကင်းချောင်းကျေးရွာတွင် မီးပလပ်ခုံဝါယာရှော့ဖြစ်ရာမှ ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဆုံးရှုံး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က မီးပလပ်ခုံဝါယာရှော့ဖြစ်ကာ ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်