ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေပိုင်းက ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ်၌ စုရပ်ထားရှိကာ ပြည်သူများသို့ စားသုံးဆီများ လက်လီရောင်းချပေးခဲ့ကြသည်။

ကျိန္တလီမြို့ အ.ထ.က (ခွဲ)စေတီကွင်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျိန္တလီမြို့၊ စေတီကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့တွင် ဌာနဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက် ၁၀နာရီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သံတွဲမြို့၌အမျိုးသမီးအကြမ်းဖက်မှုနှင့်ပတ်သက်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်းကျင်းပသော အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ကျောက်ဖြူမြို့၌  ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့်  ဌာနဆိုင် ရာ ဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းနေရာ၌ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ပေါက်တောမြို့တွင်ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပေါက်တောမြို့တွင် ယနေ့နံနက်ပိုင်းတွင် ဆက်လက် ရောင်းချ ပေးလျက်ရှိကြသည်။

ကျောက်တော်မြို့နယ် ညောင်ပင်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ညောင်ပင်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခန်းမအတွင်းပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့ အမှတ်(၄)၊ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို  ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များအခမဲ့ငှါးရမ်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်နိုင်ငံ့ဝန်ထမ်းများ စာပေများအလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှါးရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်စာရင်းစစ်ရုံး သို့သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်