ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း Grade – 12 ကျောင်းသား၊ ကျောင်းသူများအား စာကြည့်ဆိုလာမီးများပေးအပ်၊ ကျောင်းစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲများသို့ သွားရောက်ပြီး Grade – 12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ စာကြည့်ဆိုလာမီးများ ပေးအပ်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်များလှူဒါန်းကြသည်။