ရခိုင်ပြည်နယ်

သံတွဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး စံကွက်ဒသမ ၁၀ ဧက ရိတ်သိမ်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက သံတွဲမြို့နယ် အလယ်ရွာကျေးရွာ ကွင်းအမှတ် (၁၄၆)ရှိ တောင်သူ ဦးကျော်မင်းလွှင်၏ ဧက(၁၅၀) တစ်ဧက တင်း (၁၀၀) GW-11 မိုးစပါးစိုက်ခင်း (၀.၁၀) ဧကကို ရိတ်သိမ်းရာ အစိုအထွက် (၁၅၇.၅၀)တင်း ထွက်ရှိပြီး၊ အခြောက် (၁၃၈.၀၀)တင်း ထွက်ရှိခဲ့ကြောင်း သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ထွန်းခိုင်ထံမှ သိရသည်။

ရသေ့တောင်မြို့နယ်တွင် တစ်ဧက အထွက်နှုန်း မှန်ကန်စေရေးအတွက် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ကြီးကြပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ တစ်ဧက အထွက်နှုန်း မှန်ကန်စေရေးအတွက် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ခနောင်းကြီကျေးရွာတွင် ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား (စတုတ္ထအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း  ပြုလုပ်

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊   ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ  နိုဝင်ဘာလ (၄)ရက်နေ့နှင့် (၆)ရက်နေ့များတွင် လူငယ်အထူးပြု ဆောင်းပါးများဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး မီးသတ်တပ်ဖွဲ့ဝင်များမှ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက အရှေ့‌မြောက်ရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အမ်းမြို့‌၌ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက်(Bio grap hic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူး ဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းတို့ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့မှ မိသားစုဝင်များ အား နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Bio graphic)နှင့် ဇီဝဆိုင်ရာအချက် အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် အသက် (၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား ကောက်ယူလျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ငအင်းကျေးရွာအုပ်စု၊ မင်းရပ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ အခြေပြုလျက် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့)ဆေးကုသပေးခဲ့သည်။

ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် ၂၀၂၃ ခုမှသည် ယခင်အခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် အနာဂတ်စီးပွားရေးဆီသို့

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းပင်လယ် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ထိစပ်လျှက်ရှိသကဲ့သို့ ဘင်္ဂလားပင်လယ်အော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း ဆက်စပ်လျက်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁၄၂၀၀.၁၁) မိုင် ကျယ်ဝန်းပြီး သစ်တောများ ဖုံးအုပ်နေသည့် တောင်ကုန်း၊ တောင်တန်းများ၊ ပင်လယ်ကမ်းရိုးတန်းနှင့် လယ်ယာစိုက်ပျိုးနိုင်သော မြေပြန့်လွင်ပြင်များ၊ မြစ်ချောင်း၊ အင်းအိုင်၊ ဒီရေတောများဖြင့် တန်ဖိုးရှိစွာဖြင့် တည်ရှိနေသော ပြည်နယ်တစ်ခုဖြစ်သည်။ ပြည်နယ်ဧရိယာ၏ ၄၈ ဒသမ ၁၁ ရာခိုင်နှုန်းကို သစ်တောများဖုံးလွှမ်းလျက်ရှိပြီး ရခိုင်ပြည်နယ်၏ ရေမြေသဘာဝနှင့် ပထဝီဝင်အနေအထားမှာ အင်မတန်မှတန်ဖိုးကြီးမားလှသော သဘာဝကပေးသည့် လက်ဆောင်များဟု တင်စားရမည်ပင်ဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းသင့်တောင်သူများအတွက် နိုင်ငံတော်ကထောက်ပံ့ခဲ့သည့် မျိုးစပါးများ စိုက်ပျိုးခဲ့မှု ယနေ့အချိန်၌ အောင်မြင်ဖြစ်ထွန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် မျိုးစပါးများအတွက် နိုင်ငံတော်ကထောက်ပံ့ပေးခဲ့သည့် GW-11၊ နှံကောက်၊ ကြားပျံ၊ ပေါ်ဆန်းရင် မျိုးစပါးများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုဝင်ဘာ ၁ ရက်နေ့မှ စ၍ ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်ကောင်ရေ သိရှိနိုင်ရေးအတွက် ကွင်းဆင်းကောက်ယူလျက် ရှိသည်။
Subscribe to ရခိုင်ပြည်နယ်