ဘားအံမြို့၌ စက်ချုပ်နည်းပညာသင်တန်း(ဒုတိယအကြိမ်) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ ဌာန၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်ချုပ်နည်းပညာသင်တန်း (ဒုတိယအကြိမ်) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့က နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်ကမြိုင်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။