ဘားအံတွင် မိခင်သေဆုံးမှုနှင့်ကလေးသေဆုံးမှုလျော့နည်းကျဆင်းရေး မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိခင်နှင့်ကလေးစောင့်ရှောက်မှုသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။