ကော့ကရိတ်မြို့၌ အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့နံနက် ၉ နာရီ မိနစ် ၃၀က ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ပြုလုပ်ကျင်းပရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အမှတ် (၁) ရပ်ကွက်ရှိ ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။