ကရင်ပြည်နယ်

မြဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအသက် (၁၈)နှစ်အောက် အမျိုးသား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလား မိုးရာသီအသက်(၁၈)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့နံနက်(၈း၀၀)နာရီတွင် မြဝတီမြို့ အားကစားပြိုင်ပွဲကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်ပါဝင်သည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းအလိုက် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘားအံမြို့နယ်တွင် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇)(၉/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများနှင့်တွေ့ဆုံ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံ သင်တန်းကျောင်းတွင် ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှနိုင်ငံ့သားကောင်းရတနာများအား စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံခဲ့ကြသည်။

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

 (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပြည်နယ်အဆင့်)ဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့နံနက် ၈ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပ

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇)(၉/၂၀၂၅)သို့တက်ရောက် မည့် နိုင်ငံ့သားကောင်းရတနာများနှင့်တွေ့ဆုံ

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်း ကျောင်းတွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှနိုင်ငံ့သားကောင်း ရတနာများအား စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများ သွားရောက်တွေ့ဆုံသည်။

ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ကမာခိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၁၁ ရက်နေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်