လှိုင်းဘွဲမြို့နယ်၌ ခွေးရူးရောဂါဆိုင်ရာအသိပညာပေးဟောပြော၊ ခွေးနှင့်ကြောင်များကိုကာကွယ်ဆေးအခမဲ့ထိုးနှံ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကို စက်တင်ဘ ၂၄ ရက် နံနက်ပိုင်းက ထီလုံစံပြကျေးရွာ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။