ကရင်ပြည်နယ်

လိပ်သိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ချွေးနဲ့သွေးနဲ့ရေးခဲ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီက မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် မဲရုံဖွင့်လှစ်မည့် အခြေခံပညာကျောင်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ယမန့်နေ့မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ် ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဘားအံခရိုင် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆောင်ရွက်သည်။

လိပ်သိုမြို့၊ မူလတန်းကျောင်း၌ ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ မာဒေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

ကရင်သက္ကရာဇ်(၂၇၆၅)ခု၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ်(၁၈၃ ဒသမ ၇၄၂)သန်းဖြင့် သိန်းရတနာလှကုမ္ပဏီနှင့်နေ့သစ်အောင်ကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်သော ရဲသာကျေးရွာအုပ်စု၊ လှိုင်(ကျောက်ကလပ်)ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ကျင်းပသည်။ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၂၆)လမ်း အရှည်မိုင်ပေါင်း ၁၈ မိုင်ကျော်၊ ကျေးလက်ကုန်ထုတ်တံတား(၆၅)စင်း အရှည်ပေပေါင်း ၅၂၃ ပေ၊ ကျေးလက်ရေပေးရေးလုပ်ငန်း(၃၃)ခု၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း(၁)ခု၊ ယင်လုံအိမ်သာတည်ဆောက်ခြင်း လုပ်ငန်း(၂၁)ခုတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတစ်ရွာ၊ VDP စီမံကိန်းကျေးရွာ(၁၀)ရွာနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(SMART Village)နှစ်ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

လိပ်သိုဒေသတွင် နနွင်းတက်များ စတင်တူးဖော်ရောင်းချချိန် ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ ဆောင်းရာသီကာလ နနွင်းတက်များ စတင်တူး​ဖော်ရောင်းချချိန် ဈေးကောင်းရလျက်ရှိနေ ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆုတောင်းဝတ်ပြုပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ခရစ်သက္ကရာဇ် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဂိုဏ်းပေါင်းစုံဆုတောင်းဝတ်ပြုပွဲကို အဆိုပါကျောင်းရှိ နှင်းဆီဆောင်တွင် ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ စိန်ပေါလ်ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr ရောကိုအောင်ကျော်ဉီး၏ အဖွင့်ဆုတောင်းမေတ္တာဖြင့် အခမ်း အနားကို စတင်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ ရွှေကင်းအခြေခံပညာမူလတန်းကျောင်း၌ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ရွှေကင်းအခြေခံပညာမူလတန်းကျောင်းတွင် (၆၀ပေx၃၀ပေ)RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီး ဌာနသို့ လွှဲပြောင်း ပေးအပ်သည့်အခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်နေ့က အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်