ဖယ်ခုံမြို့၌ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်      

ဖယ်ခုံ ဖေဖော်ဝါရီ ၂၀

ရှမ်ပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကာလ ကလေးများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို ဖယ်ခုံမြို့နယ် ညောင်ကုန်းရပ်ကွက် အ.ထ.က(၁)ကျောင်းရှေ့ရှိ အားကစားကွင်းတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်ပေးလျက်ရှိသည့် နွေရာသီအားကစားသင်တန်းများတွင် ဘောလုံး၊  ဘော်လီဘော၊  ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်တို့ဖြစ်ပြီး၊ မြို့နယ်အားကာမှူး ဒေါ်ဂျက်စတင်းက နည်းပြအဖြစ်တာဝန်ယူထားသည့် ဘောလုံးအားကစားနည်းတွင် သင်တန်းသား(၄၀)ဦး၊ နည်းပြ ဦးမိုးဒီ တာဝန်ယူသည့် ဘော်လီဘောအားကစားတွင် သင်တန်းသူ/သင်တန်းသား (၂၅)ဦး၊ နည်းပြ ဦးဘဦး တာဝန်ယူသည့် ပြေးခုန်ပစ်အားကစားတွင် သင်တန်းသား/သင်တန်းသူ(၃၀)ဦး၊ နည်းပြ ကိုခန့် တာဝန်ယူသောပိုက်ကျော်ခြင်းအားကစားတွင် သင်တန်းသား(၂၅)ဦးနှင့် နည်းပြ ဦးမောင်ပေါလ် တာဝန်ယူသော ကြက်တောင်ရိုက်အားကစားတွင် သင်တန်းသား/သင်တန်းသူ (၃၀)ဦးးံးံးတို့ဖြင့် (၁၃-၂-၂၀၂၆)ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်

အဆိုပါနွေရာသီ အားကစားသင်တန်းအား ကျောင်းသား၊ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်အားကစားကိုပိုမိုစိတ်ဝင်စားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် နွေရာသီအားကစား သင်တန်းကာလအား (၁၃-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆) ရက်နေ့အထိ သတ်မှတ်ထားကြောင်း မြို့နယ်အားကစားမှူး ဒေါ်ဂျက်စတင်းထံမှ သိရသည်။

မြို့နယ်၊ပြန်/ဆက်