လိပ်သို ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ ရိုဘတ်စတာ(Robusta) ကော်ဖီမျိုးများကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။
လိပ်သိုဒေသတွင် ရိုဘတ်စတာ (ROBUSTA) ကော်ဖီပင်များအား သဘာ၀မြေဩဇာများကိုသာ အသုံးပြုကာ စိုက်ပျိုးကြကြောင်း၊ ကော်ဖီသီးများကို အပင်(၅)နှစ်သားအရွယ်ခန့်တွင် စတင်ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ ကော်ဖီသီးများကို အစိုလိုက်သော်လည်းကောင်း၊ အခြောက်ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြကြောင်း သိရသည်။
ယခင်လတွင် ဒေသထွက် ရိုဘတ်စတာ ကော်ဖီစေ့ တစ်ပိဿာလျှင် ကျပ် ၂၂၅၀ဝ အထိဈေးရရှိခဲ့ပြီး ယခုလတွင် ကော်ဖီစေ့ တစ်ပိဿာလျှင် ကျပ် ၁၈၀၀ဝ အထိ ဈေးနှုန်းကျဆင်းသွားသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ဈေးနှုန်းပြန်လည်ကောင်းမွန်လာရေး မျှော်လင့်လျက်ရှိသည်။
နော်ဖလောရင်း