ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးနှင့်ပက်သတ်၍ အတု/အစစ် ခွဲခြားသိရှိနိုင်ရေး ရက်တိုသင်တန်းဖွင့်လှစ်

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးနှင့်ပတ်သတ်၍ အတု/အစစ် ခွဲခြားနိုင်ရေး ရက်တိုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးပြည်ကျော်နှင့် မြို့နယ်ဦးစီးမှူး ဦးအေးကျော်တို့က နိုင်၊ ဧည့်၊ ပြုနှင့် အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်ထားသူများ၏ ကိုင်ဆောင်လက်မှတ်များအား အတု/အစစ် ခွဲခြားနည်းများ၊ ကိုယ်ရေးအချက်အလက်များအားကြည့်၍ အတု/အစစ်ခွဲခြားခြင်းတို့ကို အသိပညာပေး သင်တန်းပို့ချခဲ့ရာ သင်တန်းသားများအဖြစ် (၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)