ကျောက်ကြီးမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်ကြားနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ကျောက်ကြီး ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဖေဖော်ဝါရီ ၁၈ ရက်နံနက်ပိုင်းက နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်ကြားနေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

အဆိုပါအဖွဲ့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် (၁/၂၀၂၆) အခြေခံရှေးဦးပြုစုခြင်းသင်တန်းနှင့် အခြေခံဘင်ခရာသင်တန်းတွင် သင်တန်းသားများ သင်ယူနေသည့်အခြေအနေနှင့် အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် သင်တန်းသားများသင်ယူနေသည့် အခြေအနေများအား ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပံ့ပိုးကူညီပေးခြင်းနှင့် သင်တန်းသားများအား မုန့်ပဲသရေစာများ ဖြန့်ဝေကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)