ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး Gu Solar Mart ဆိုင်သို့ မီးဘေးကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်

ဒဂုံမြောက် ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ Gu Solar Mart (Solar၊ Battery၊ Inverter & accessory) ဆိုင်သို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခြောက်သွေ့ရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုများမဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း Solar အ‌ရောင်း ဆိုင်ဖြစ်သော Gu Solar Mart (Solar၊ Battery၊ Inverter & accessory) လုပ်ငန်းပိုင်ရှင် ဦးမင်းမင်းအောင်နှင့် ဝန်ထမ်း (၃၅) ဦးအား မီးလောင်မှု/မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးတို့နှင့်အတူ ဆိုင်တာဝန်ခံ၊ ဝန်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်‌ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မြင့်မြင့်ရီ