သရက်ချောင်း ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိုးစပါးရိတ်သိမ်းအပြီး သီးထပ်စွမ်းအားတိုးတက်စေရန် ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲလွန်း၊ နေကြာ၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်းသီးနှံစိုက်ပျိုးရာတွင် မတ်ပဲ ၁၅၀ဧက၊ ပဲလွန်း ၄၅ဧက၊ နေကြာ ၄၆ဧက၊ နှမ်း ၆၀ဧက၊ မြေပဲ ၂ဧက၊ အစေ့ထုတ်ပြောင်း ၁၅ဧက၊ ဟင်းသီးဟင်းရွက် ၃၄၃ဧက လျာထားစိုက်ပျိုး ပြီးစီးခဲ့သည်။ သရက်ချောင်းမြို့နယ်အတွင်း ဒေသခံတောင်သူများဝင်ငွေတိုးတက်ပြီး လူနေမှု ဘဝမြင့်မားလာစေရန်အတွက် ဆောင်းသီးနှံများကို လျာထားဧကအတိုင်းအပြည့် အဝစိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ လိုအပ်သောမျိုးစေ့နှင့် သွင်းအားစုများပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် ဆောင်းသီးနှံများ လျာထားဧက အတိုင်းစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)