ခမောက်ကြီးမြို့၌ ကျောင်းသား၊ သူများအား အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များ ပြသဆောင်ရွက်

ခမောက်ကြီး  ဇန်နဝါရီ  ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ကျောင်းသား၊သူများအား အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ဇန်နဝါရီလ ၂၉ ရက်၊ နံနက် ၁၀နာရီက အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်သည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အိသန္တာလွင်က ကလေးအလုပ်သမားဆိုသည်မှာ ကလေးအလုပ်သမားနှင့် ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်များ၊ အဓမ္မခိုင်းစေခံနေရသည့် ကလေးများအကြောင်း၊ ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ရေးအကြောင်း၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်းခိုင်းစေနေခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများစသည့် အကြောင်း အရာတို့ကိုလည်းကောင်း ဟောပြောသည်။

ထို့နောက် အသိပညာ ဗဟုသုတ ရရှိရေး ကလေးအလုပ်သမားဆိုင်ရာ အသိပညာ‌ပေး နံရံကပ်ဘုတ်များနှင့် ဓာတ်ပုံမှတ်တမ်းများအား ပြသရာ ကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)