ရွှေဘိုမြို့သူနာပြုသင်တန်းကျောင်း၌ စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

ရွှေဘို ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် (၉)နာရီအချိန်တွင် ‌ရွှေဘိုမြို့ရှိ သူနာပြုသင်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာသူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပရခြင်းမှာ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့်အတူတကွ ပူးဆောင်ရွက်ခြင်းအလေ့အထများ ရရှိစေရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်ဝန်ထမ်းများက အသင်းလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထမနဲ၏ အရသာ၊ သန့်ရှင်းသပ်ရပ်မှု၊ အဖွဲ့လိုက်လုပ်ဆောင်နိုင်မှုနှင့် တင်ပြမှုပုံစံတို့အပေါ် အကဲဖြတ်ရွေးချယ်ခဲ့ပြီးနောက် ဆုရရှိသည့် အသင်းများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)