စစ်ကိုင်း ဇန်နဝါရီ ၂၉
စစ်ကိုင်းတက္ကသိုလ်တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာစိုးမြင့်အေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ကာ လူငယ်အားမာန်တိုင်းပြည်အဖိုးတန် Video Clip အားပြသခဲ့သည်။
ထို့နောက်နေပြည်တော်တွင်ကျင်းပခဲ့သော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သော မောင်နေမင်းသူရိန်မှ “လူငယ်လူရွယ်လက်တွေ့ အသုံးချစီးပွားရေးပညာစခန်းသွင်း လေ့ကျင့်ရေးသင်တန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း မခင်ချမ်းသာမှ “ဘက်မလိုက်သတင်းမှန် လူငယ်အားမာန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အတွေ့အကြုံများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်၂၀၂၆ လူငယ်ကြေညာစာတမ်းကိုဖတ်ကြားကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်